ကွန်ဟိန်း ဇူလိုင် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနှင့် ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ ပင့်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်ပြီး အခမ်းအနားကို ဘုရားအမှူးရှိသော ပင့်သံဃာတော်များအား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ကန်တော့ကြ သည်။ ထို့နောက် ပင့်သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်တော်မူကြသည်။ ဆက်လက်၍ ပင့်သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းများ၊ နဝကမ္မအလှူတော်ငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်