သရက်ခရိုင် ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်သန့်စင်စက်တွင် အသုံးပြုနိုင်ရေး ရွှေနီအောင်သိန်း ဖောင်ဒေးရှင်းအမှုဆောင်အဖွဲ့မှ လှူဒါန်းသည့် ငွေကျပ် (၁၅၀၀၀၀)ကျပ် လှူဒါန်း

သရက် ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင် ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်သန့်စင်စက် အသုံးပြုနိုင်ရေး ရွှေနီအောင်သိန်း ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့မှ လှူဒါန်းသည့် ငွေကျပ် (၁၅၀၀၀၀)သိန်း လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင်လ(၂၀)ရက် မွန်းလွဲ(၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ သရက်ခရိုင် ပြည်သူ့ဆေးရုံ ကျောက်ကပ်ဆေးစက် ဝယ်ယူတပ်ဆင်နိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ လုပ်ငန်ကော်မတီဝင်များ တက်ရောက်ကြသည်။

အဆိုပါ လှူဒါန်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ရွှေနီအောင်သိန်းဖောင်ဒေးရှင်း အမှူဆောင်အဖွဲ့မှ လှူဒါန်းသည့် ငွေကျပ် (၁၅၀၀၀၀)သိန်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်နှင့် ခရိုင်ဆရာကြီး ဒေါက်တာ ညွန့်ရွှေအောင်တို့က လက်ခံပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)