ကသာ ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့်ဝန်ထမ်းများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၈)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက “စွန်လိုက်တဲ့ပွဲ” ခေါင်းစဉ်ပါ အကြောင်း အရာများကို ဦးဆောင်ဆွေးနွေးပြီး စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ကိုရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်ခိုင်ထွန်းက “လူငယ်နှင့်အမှား”ဓာတ်ပုံကျွမ်းကျင်-၂ ဦးကျော်စွာထွန်းက “ရေထု၊ လေထုနဲ့လူထု”၊ အကြီးတန်းစာရေး ဒေါ်တင်မြမြဝင်းက “အလှအပဖြင့် ဝင့်ကြွားခြင်း”၊ ယာယီနေ့စား ဦးသက်နောင်ဦးက “ရှက်စိတ်၊ ကြောက်စိတ်နဲ့အောင်စိတ်”၊ လုပ်သားရုပ်သံ ဒေါ်အေးချစ်ဝင်းက “လူငယ်နှင့်စူးစမ်းလေ့လာမှုများ” ရုပ်သံကျွမ်းကျင်-၃ ဒေါ်အိအိထွန်းက “အသုံးကျခြင်းနှင့်နှလုံးလှခြင်း”၊ ဒုတိယ်ဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက “မှားမှာကိုမကြောက်ပါနဲ့” စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဝန်ထမ်းများ၏ ဖတ်ကြားဆွေးနွေးချက်များအပေါ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက ဖြည့်စွက်ရှင်းလင်းဆွေးနွေးသွားကာ စာဖတ်ဝိုင်းသို့ တက်ရောက် လာကြသူများကသိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (ကသာ)