ညောင်တုန်း ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ Gasifire အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်အတွင်းရှိ Gasifire အသုံးပြု လည်ပတ်လျက်ရှိသော ဆန်စက် (၁၃)ခု၏ အခြေအနေနှင့် လျှပ်စစ်ဓာတ်အား ထွက်ရှိမှု အခြေအနေများ၊ Gasifire Disel စက်အသုံးပြုရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် စွန့်ပစ်ကန့်များဖြင့် စနစ်တကျ ထားရှိအသုံးပြုမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)