ကျွန်းလှမြို့နယ်တွင် မိုးစပါး ဧက ၇၅၀၀ ကျော် စိုက်ပျိုးပြီးစီး

ကျွန်းလှ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ယနေ့ထိ ဧက ၇၅၀၀ ဧကကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“မိုးစပါးစိုက်ပျိုးရာမှာ ပေါင်ပျိုးထောင်စနစ်၊ ရိုးရိုးပျိုးထောင်စနစ်၊ မျိုးစေ့တိုက်ရိုက်ချစနစ်တို့ဖြင့် စိုက်ပျိုးကြပါတယ်။ ယခင်နှစ်က မိုးစပါးစိုက်ပျိုးရန် ၂၉၀၀၀ ဧက ကျော်စိုက်ပျိုးရန် လျားသော်လည်း ၃၄၀၀၀ ဧကကျော်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒီနှစ်လည်း လျာထားချက် ပြည့်မီကျော်လွန်အောင် တောင်သူတွေဆက်လက်စိုက်ပျိုးနေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။

အဆိုပါ မိုးစပါးစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်များရရှိရန် ဆောင်ရွက်ပေးခြင်း၊ ကွင်းသရုပ်ပြပွဲများကျင်းပခြင်း၊ စိုကိပျိုးရေးဆိုင်ရာများ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် ၃၄၀၉၃ ဧကလျာထားပြီး၊ ယနေ့အထိ ၇၅၄၃ ဧက (၂၂ ဒသမ ၁၂) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးဝင်းညို ကျွန်းလှ