ရမည်းသင်း ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန အသုံးပြုရန်နှင့် ကာယ၊ဉာဏ ဖွံဖြိုးစေရန် ပြိုင်ပွဲများ ကျင်းပနိုင်ရေး လှူဒါန်းပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ကျောင်းသားလူငယ်များ ကာယ၊ဉာဏ ပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ဘက်စုံထူးချွန်ထက်မြက်စေရန် လေ့ကျင့်ပြုစုပျိုးပေးခြင်းနှင့် စာပေဗဟုသုတများ ရရှိစေရန် ပျိုးထောင်ပေးသည့် ဥယာဉ်တစ်ခုဖြစ်ကာ လူငယ်များရဲ့ အနာဂါတ်ကို ပုံဖော်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း ဇနီးဒေါ်မြင့်ဉ္ဇူမြင့် မိသားစုမှ (၂၃၀၀၀၀)တန်းဖိုးရှိ ဒိုင်ဆုအခု(၁၀၀)၊ ဦးခိုင်ကြီးဇနီး မယွန်းငယ် မိသားစု (၄၇၀၀၀၀) တန်းဖိုးရှိ ဆက်တီတစ်စုံ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများမှ မိုက်အစုံ(၃)မျိုး၊ ဦးကျော်ငြိမ်းဇနီး ဒေါ်စိန်အေးမိသားစု ဗလာစာအုပ်(၂၅)ဒါဇင်၊ Youth Club အသင်းဥက္ကဋ္ဌ ဦးအေးမင်းမြတ်ဗလာစာအုပ်( ၁၀)ဒါဇင်နှင်ခဲတံ(၂၀ )ဒါဇင်၊ ခရိုင်သစ်တောဦးစီးမှူး ဦးသိန်းသန်းထွန်း မိသားစု၊ လူမှုန်ထမ်းဦးစီးဌာန ခရိုင်မှူး ဒေါ်ဆွေဆွေဝင်း၊ မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးအယ်လ်ခါးတောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းဗိုလ်+ဒေါ်မြင့်မြင့်ထွေး မိသားစု၊ Book Club အသင်း (အတွင်းရေးမှူး)ဒေါ်ခင်လေးနီ၊Youth Club အသင်းဥက္ကဋ္ဌ ဒေါ်မိ၊(စိန်လသာ) နည်းပညာသင်တန်းကျောင်း ဦးဇော်မင်းစိုးမိသားစု၊ ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၊ KTLကိုယ်ပိုင်အထက်တန်းကျောင်း၊ ပညာ့ဂုဏ်ရည်ကိုယ်ပိုင်အထက်တန်းကျောင်း၊ မြို့နယ်လဝကဦးစီးဦးရဲဇော်ဦးမိသားစု၊ ရွှေကမ္ဘာဝင်းကုန်မာဆိုင်ဦးနေကိုဝင်း၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအိအိခင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော် 119 မိုဘိုင်းရောင်းဝယ်ရေး ဒေါ်ခင်မာအေး၊ မြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးအောင်ကျော်ဆန်းမိသားစု၊ Youth Club အသင်းအတွင်းရေးမှူး မစုစုလိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသိန်းဇော်တို့က ဆုများချီးမြှင့်နိုင်ရန်အတွက် ပစ္စည်းမျိုးစုံတို့ကို လှူဒါန်းကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ်းသိမ့်မျိုးကလက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန အသုံးပြုရန်နှင့် ကာယ၊ဉာဏဖွံဖြိုးစေရန်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် အလှူရှင်များမှ (၂၂)သိန်းရှစ်ထောင်တန်းဖိုးရှိ ပစ္စည်းများလှူဒါန်းပေးခဲ့ကြကြောင်း သတင်းရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)