မူဆယ် ဇူလိုင် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးကျင်းပမည့် ၂၀၂၃ ခုနှစ်၊ ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား လက်ဝှေ့ပြိုင်ပွဲကို ဩဂုတ်လ(၅)ရက်နေ့တွင် မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကြိုတင်စာရင်းပေးသွင်းနိုင်ရန်အတွက် ကြိုတင်အသိပေးကြေညာထားလျက်ရှိပါသည်။
ဩဂုတ်လ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အဆိုပါလက်ဝှေ့ပြိုင်ပွဲအား ဒေသခံတိုင်းရင်းသား လက်ဝှေ့ဝါသနာရှင်များနှင့်လက်ဝှေ့အားကစားကို စိတ်ပါဝင်စားသူ လူငယ်လူရွယ်များအား စာရင်းကြိုတင်ပေးသွင်းလျက်ဩ ပါဝင်ယှဉ်ပြိုင်ကစားနိုင်အတွက် မူဆယ်မြို့အဝင် မီးပွိုင့်လမ်းဆုံ၊ သိန်းသန်းချီကားကွင်း သွားရာလမ်းများနှင့် မြို့အထင်ကရနေရာများတွင် မြေစိုက်ဘုတ်များဖြင့် မိဘပြည်သူများကို ကြိုတင်ကြေညာထားလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ မူဆယ်မြို့နယ်အတွင်းရှိ လက်ဝှေ့အားကစားဝါသနာရှင်များနှင့် လက်ဝှေ့အားကစားမောင်မယ်များသည် မူဆယ်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနသို့ သတင်းပို့ပြီး ခရိုင်အား ကစားကွင်းသို့ သွားရောက် ကြိုတင်စာရင်းပေးသွင်းကာ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားနိုင်မည်ဖြစ်ပါသည်။
မူဆယ်မြို့၊ ၂၀၂၃ခုနှစ်၊ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ လက်ဝှေ့ပြိုင်ပွဲအား ပါဝင်ယှဉ်ပြိုင်ကစားရန် လက်ဝှေ့ဝါသနာရှင်၊ အားကစားဝါသနာရှင် (၇၀)ဦးခန့် ယမန်နေ့ ဇူလိုင်လ(၂၄)ရက်နေ့အထိ စာရင်းလာရောက်ပေးသွင်းလျက်ရှိပြီး စာရင်းဆက်လက် ပေးသွင်းနိုင်ကြောင်း အသိပေး နှိုးဆော်ထားလျက်ရှိပါသည်။
ခရိုင်(ပြန်/ဆက်)