မော်လမြိုင်ကျွန်း ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလထိခိုက်လွယ်အမျိုးသမီးဦးဆောင်မိသားစုများ၏လူမှုစီးပွားရေးရင်ဆိုင်နိုင်စွမ်းရည် မြှင့်တင်ပေးရေးစီမံကိန်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်မှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင်က စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခြင်း၊ စိမ်းလဲ့ရောင်အဖွဲ့၏ အတွင်းရေးမှူး ဒေါ်ခင်ဖြိုးဝေက စိမ်းလဲ့ရောင်အဖွဲ့၏ လှုပ်ရှားမှုများရှင်းလင်းဆွေးနွေးခြင်း၊ စီမံကိန်းမန်မေဂျာ ဒေါ်ဆွေဇင်အောင်က ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ ထိခိုက်လွယ် အမျိုးသမီးဦးဆောင်မိသားစုများ လူမှုစီးပွားဘဝရင် ဆိုင်နိုင်စွမ်းရည်မြှင့်တင်ပေးရေး အကြောင်းအရာများ ဆွေးနွေးပြီးနောက် စိုက်ပျိုးရေးပညာရှင် ဒေါ်ချစ်ချစ်ဆွေက စီမံကိန်းတွင် လုပ်ဆောင်မည့် စိုက်ပျိုးရေးလုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)