အလုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏  ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကျင်းပ

အလုံ ဇူလိုင်လ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ သမဝါယမအသင်းစုလီမိတက်၏   ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကို ယမန်နံနက် ၁၀ နာရီက  အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ အဆိုပါအသင်းစု၏  စံပြအရောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ  တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်မှ လုပ်ငန်းလမ်းညွှန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေး ဒုတိယပိုင်းတွင် အမှုဆောင်အဖွဲ့ရွေးချယ်ပွဲကို တိုင်းဒေသကြီးဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူး ပါဝင်သော ဖွဲ့စည်းရေးကော်မတီမှ ဦးဆောင်၍ အမှုဆောင်အဖွဲ့ (၉) ဦးကို ရွေးချယ်ပေးခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့် နှင့်အတူ တိုင်းဒေသကြီးဦးစီးဌာန ဖွဲ့စည်းရေးကော်မတီဝင်များ၊ အလုံမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြိုနယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အသင်းသားများ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)