လားရှိုး ဇူလိုင် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ Gold Luck အပန်းဖြေစခန်းတွင် တပ်ဆင်ထားသည့် နေရောက်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်တပ်ဆင်ထားရှိမှုကို ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါလေ့လာရေးတွင် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများ ပါဝင်ကြောင်း သိရသည်။
Gold Luck အပန်းဖြေစခန်းသည် အကျယ်အဝန်းအားဖြင့် ၁၄ ဧကခန့်ကျယ်ဝန်းပြီး ကားရပ်နားရာနေရာများတွင် ဆိုလာများဖြင့် အမိုးမိုးကာ နေရောက်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ပေးစနစ် တပ်ဆင်ထားရှိထားကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ ဆိုလာများဖြင့် တပ်ဆင်ထားမှုမှ ၁၂၀ ကေဗီဓါတ်အားကို ထုတ်လုပ်ပေးနေပြီဖြစ်ပြီး Gold Luck အပန်းဖြေစခန်းတစ်ခုလုံးကို လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးနေပြီ ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)