၂၀၂၃-၂၀၂၄ပညာသင်နှစ် ဗန်းမော်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် (ကျား/မ) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ဗန်းမော် ဇူလိုင် ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အားကစားကွင်း၌ မြို့နယ်အဆင့်ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဗန်းမော်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်  (ကျား/မ) မိုးရာသီဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် (ကျား/မ)မိုးရာသီဘောလုံး ပြိုင်ပွဲကို ဇူလိုင် ၇  ရက်ကစတင်၍ (ကျား)(၉)သင်း၊( မ) (၉) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ယနေ့ (ကျား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အ.ထ.က(၁)ကျား    အသင်းနှင့်  အ.ထ.က(၄)ကျား အသင်းတို့က လည်းကောင်း (မ)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် အ.ထ.က(၂)မအသင်းနှင့် အ.ထ.က(သိန်လင်) မ အသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ကျားအသင်းတွင် အ.ထ.က(၁) ကျားအသင်းကလည်းကောင်း၊ မအသင်းတွင် အ.ထ.က(၂) မအသင်းကလည်းကောင်း ပထမဒိုင်းဆုကြီးကို ဆွတ်ခူးသွားခဲ့သည်။

ဆက်လက်၍ အဆိုပါဘောလုံးပြိုင်ပွဲဆုပေးပွဲကျင်းပရာ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလဆန်က အမှာစကားပြောကြားခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  ဦးအောင်ကျော်ထွန်းက (ကျား)ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အ.ထ.က(၁)(ကျား)အသင်းအား ဆုများချီးမြှင့်ပေးအပ်ခြင်း၊ ဦးနိုင်ဌေး (သစ်လွင်ဆုတံဆိပ်လုပ်ငန်းရှင်)က (ကျား)ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အ.ထ.က(၄) ကျားအသင်းအား ဆုများချီးမြှင့် ပေးအပ်ခြင်း၊ မြို့နယ်အားကစားကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးသက်ပိုင်က (ကျား)ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသည့် အ.ထ.က(၆) (ကျား)အသင်းအား ဆုများချီးမြှင့်ခြင်း၊ ခရိုင်အားကစားကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကြည်စိုးက (မ)ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အ.ထ.က(၂) (မ)အသင်းအား ဆုများ ချီးမြှင့်ပေးအပ်ခြင်း၊ ဒုမြို့နယ်ပညာရေးမှူး ဦးဝင်းတင့်က (မ) ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အ.ထ.က(သိန်လင်) (မ)အသင်းအား ဆုများပေးအပ် ချီးမြှင့်ခြင်း မြို့နယ်ပညာရေးမှူး ဒေါ်ထုလွမ်က (မ)ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသည့် အ.ထ.က(၃) (မ)အသင်းအား ဆုများပေးအပ်ချီးမြှင့်ခြင်း၊ ဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆု ရရှိသူများကို ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလဆန်က ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူးဒေါ်ထုလွမ်က ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲတို့တွင် ပါဝင်ကူညီပေးခဲ့သည့် ဒိုင်၊ လိုင်းနတ်များကိုလည်း ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်