မောက်မယ်မြို့နယ်၌GISနည်းပညာဖြင့်Census Unit ကောက်ယူရေးဆွဲခြင်းလုပ်ငန်းများဆောင်ရွက်

မောက်မယ် ဇူလိုင် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ တိကျမှန်ကန်စေရေးအတွက် GISနည်းပညာဖြင့်Census Unit ကောက်ယူရေးဆွဲခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။  

ထိုသို့ GIS နည်းပညာဖြင့် Census Unit ကောက်ယူရေးဆွဲခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန(ရုံးချုပ်)မှ ဝန်ထမ်းများ (၇)ဦး၊ လင်းခေးခရိုင်လ.ဝ.ကမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းတင်မိုးဆွေနှင့် ဝန်ထမ်းများ၊ မောက်မယ်မြို့နယ် လ.ဝကရုံးမှဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး များတို့ကပူးပေါင်း၍ GIS နည်းပညာအသုံးပြု၍ Census Unit သန်းခေါင်စာရင်း ကောက်ယူရေးဆွဲခြင်း လုပ်ငန်းများအတွက် ရပ်ကွက်/ ကျေးရွာတည်နေရာမြေပုံ (Point) များအားသတ်မှတ်ရေးဆွဲနေစဉ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များတို့က သွားရောက်ကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။                                                              

စိုင်းမျိုးသန့်(မောက်မယ်)