နောင်ချို ဇူလိုင် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိုးလုံလေလုံအားကစားကွင်း၌ ဘောလုံးအဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဦးခင်မောင်ချိုက ဘောလုံးအဖွဲ့ချုပ်၏ လုပ်ငန်းတာဝန်များ နှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ၎င်းနောက် မြို့နယ်ဘောလုံး အဖွဲ့ချုပ် အသစ်ပြန်လည်ဖွဲ့စည်း နိုင်ရေးအတွက် တက်ရောက်လာသူများက ဆန္ဒပြုရွေးချယ်ခဲ့ရာ ဥက္ကဋ္ဌ ၁ဦး၊ ဒု-ဥက္ကဋ္ဌ ၁ဦး၊ အတွင်းရေးမှူး ၁ဦးအဖွဲ့ဝင် ၁၂ ဦး စုစုပေါင်း ၁၅ ဦး ပါဝင်သော ဘောလုံးအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း မြို့နယ်အားကာစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)