စလင်းမြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ၊ကျေးရွာအုပ်စု(၃၈)အုပ်စုတို့ရှိတောင်သူ(၃၃၇၇)ဦးတို့အား၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း (၁၉၉၇၄.၀၀.၀၀၀) ကျပ်ကို ထုတ်ချေးပြီးစီး

စလင်း  ဇူလိုင်  ၂၅

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ်   မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့ ဇူလိုင်လ (၂၅)ရက်နေ့ အထိတောင်သူ(၃၃၇၇)ဦးတို့ တို့အား  မိုးစပါးစိုက်ပျိုးရန်အတွက် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးဧက(၁၅၃၈၁)ဧကအတွက် စိုက်ပျိုးရန် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  စလင်း မြို့နယ်အတွင်းရှိ   စိုက်ပျိုးစရိတ်ချေးငွေ   ထုတ်ယူကြသည့်   တောင်သူ များအား မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာဒေါ်ယဥ်မာနွဲ့က ၂၀၂၃ ခုနှစ်မိုးသီးနှံ စိုက်ပျိုး စရိတ်ချေးငွေများကို ယခင်ထုတ်ချေးထားသည့်   စိုက်ပျိုးစရိတ်ချေးငွေ ပြေကျေသည့် ကျေးရွာအုပ်စုများမှ   တောင်သူများကို စတင်ထုတ်ပေးလျက်ရှိကြောင်း   ဖြင့်ဆက်လက်၍ ရုံးပင်ကန်ကျေးရွာအုပ်စုမှ တောင်သူများအနေဖြင့် ချေးငွေများကို မိုးသီးနှံ စိုက်ပျိုးစရိတ် အတွက်   အကျိုးရှိစွာသုံးစွဲရန်နှင့်   သီးနှံများအောင်မြင်ဖြစ်ထွန်းရန်အတွက်   အလေးထား စိုက်ပျိုးကြရန်ဆွေးနွေးပြောကြားခဲ့ပြီး  စိုက်ပျိုးရေးသွင်းအားစု   ပစ္စည်းများ အချိန်မီဝယ်ယူ ဖြည့်တင်းနိုင်ရန်နှင့်   စိုက်ပျိုးရေးလုပ်ငန်းများ   လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိသည်။

စလင်းမြို့နယ်အတွင်း လျာထားအုပ်စုများထဲမှ   ရုံးပင်ကန်  ကျေးရွာအုပ်စုမှ   တောင်သူ(၂၂၂)ဦး   အပါအဝင် တောင်သူစုစုပေါင်း (၃၃၇၇)ဦး တို့အား ထုတ်ချေးပေးခဲ့ပြီး     စပါးသီးနှံစိုက်ပျိုး တစ်ဧကလျှင်   တစ်သိန်းငါးသောင်းကျပ်နှုန်း၊ အခြားသီးနှံစိုက်တစ်ဧကလျင် တစ်သိန်းနှုနးဖြင့် ထုတ်ချေးပေးခဲ့ကြောင်း စလင်းမြို့နယ်အတွင်း  ကျေးရွာအုပ်စု  (၃၈)အုပ်စုတို့မှ  တောင်သူ (၃၃၇၇)ဦးတို့အား  စပါးစိုက်ဧက  (၉၁၈၆)၊ ပဲတီစီမ်း(၃၈၈၈)ဧက၊ နှမ်း(၁၉၁၇)ဧက၊ အခြားစိုက် (၃၉၀) ဧကစုစုပေါင်း(၁၅၃၈၁)ဧကတို့အတွက် ချေးငွေပေါင်း (၁၉၉၇၄.၀၀.၀၀၀)သောင်းကျပ်  ကိုထုတ်ချေးပြီးစီးခဲ့ပြီး   ထုတ်ချေးပေးရန်ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများကိုလည်း  ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(မောင်လွင်)စလင်း