စဉ့်ကိုင် ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောင်းသား/ကျောင်းသူများ စာအုပ်၊စာပေများဖတ်ရှု လေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတများကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာစေရန် ၊စာအုပ်စာပေများကို လက်ဝယ်အရောက်အလွယ်တကူဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲ(၁)နာရီက ကသဲစုအခြေခံပညာမူလတန်း ကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတ ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်၊ အချိန်ရှိစဉ်ကာလတွင် ကျောင်းသား/ကျောင်းသူများအနေ ဖြင့်ပညာဖြင့်ဘဝကို တည်ဆောက်ကြရန်၊ အချိန်အားလျှင်စာအုပ်စာပေများကို ဖတ်ရှု့ခြင်းဖြင့်အသိပညာ ဗဟုသုတများ ကို ရှာဖွေစေလိုကြောင်း ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သူဇာမှကျောင်းသား/ကျောင်းသူများအား စာအုပ်စာစောင်များကို ဖတ်ရှု့ခြင်းဖြင့် အတွေးအခေါ်များ ရင့်သန်လာစေခြင်း၊ သင်ကြားထားတဲ့ အတန်းပညာများနဲ့စာပေကရတဲ့ အသိပညာဗဟုသုတတွေနဲ့ ပေါင်းစပ်ပြီးတော့ အသိဉာဏ်များတိုးပွားစေရန်၊အမှားအမှန်ကိုကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်ခြင်း အစရှိသည့် အကြောင်းအရာများကို ဟောပြော ခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ် သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာ ပေးနံရံကပ်ဓာတ်ပုံများကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။
ကျော့မူယာမောင်