သာစည်ဇူလိုင်၂၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာ ဘော်လီဘောပြိုင်ပွဲကို ဩဂုတ် ၃ ရက်နေ့တွင် မြို့နယ်ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထွန်းဦးထံက သိရသည်။
ကျွန်တော်တို့ ပြိုင်ပွဲကို ဩဂုတ် ၃ ရက်နေ့မှာ ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး စတင်ယှဉ်ပြိုင်မှာပါ ပြိုင်ပွဲဝင် အသင်းအနေနဲ့ကတော့ လက်ရှိအချိန်ထိ အသင်း ၈ သင်း စာရင်းပေးထားပါတယ် နောက်ထပ်ဝင်ရောက်ယှဉ်ပြိုင် လိုတဲ့အသင်းရှိရင်လည်း လက်ခံသွားမှာပါ ပြိုင်ပွဲဝင်အသင်းတွေ အနေနဲ့ အသက် ၂၅ နှစ်အောက် သတ်မှတ်ထားပြီး အလွတ်တန်းခေါ်လူ နှစ်ဦး ပါဝင်ယှဉ်ပြိုင်ခွင့် ပေးထားပါတယ် ပြိုင်ပွဲမှာ ပထမ၊ဒုတိယနဲ့တတိယဆုများ ပေးအပ်ချီးမြှင့်မှာဖြစ်ပြီး ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုနဲ့ရိုက်ခုတ်ဆုတွေလည်း ချီးမြှင့်ပေး သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါပြိုင်ပွဲကို အုပ်စုခွဲကာယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပထမရရှိသည့်အသင်းကို ဆုဖလား၊ ဆုကြေးငွေနှင့် ရွှေတံဆိပ်ဆွဲပြား၊ဒုတိယနှင့်တတိယရရှိသည့် အသင်းများကို ဆုကြေးငွေနှင့် ဆုတံဆိပ်ဆွဲပြားများ ချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်