မြောက်ဦးခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြောက်ဦး ဇူလိုင် ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ ဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦကောင်းမြတ်နိုင်က မြောက်ဦးခရိုင်အတွင်း မိုခါ မုန်တိုင်းပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအပါအဝင် ဌာနဆိုင်ရာအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို အလေးထားဆောင်ရွက်ရန်ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်ကလည်း မြို့သန့်ရှင်းသာယာလှပရေး ကိစ္စရပ်များနှင့် ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များကို ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့သည်။

 ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများက ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုများကို တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးမောင်မောင်