ကသာမြို့၌တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းပေး

ကသာ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊  ကသာမြို့တွင် အခြေခံလူတန်းစားပြည်သူများအနေဖြင့် တန်ဖိုးသင့်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့ နံနက် (၇)နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းရှေ့နှင့် ခရိုင်စည်ပင် သာယာရေးရုံးရှေ့တို့၌ ရောင်းချပေးခဲ့ကြောင်း သိသည်။

တန်ဖိုးသင့်စားသောက်ကုန်ရောင်းချပေးရာတွင် ဆန်တစ်ပြည်၊ ကြက်ဥသုံးလုံး၊ ကြက်တွန်နီ ၂၅ ကျပ်သားပါ ပစ္စည်းသုံးမျိုးကို ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။

အဆိုပါ တန်ဖိုးသင့်စာသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(ကသာ)