မအူပင် ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် လူငယ်စကားဝိုင်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း၊ ကျောင်းခန်းမတွင် ယနေ့ မွန်းလွဲ (၁၂) နာရီအချိန်က ကျင်းပသည်။
ရှေ့ဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း (မအူပင်)မှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်က ယခုလိုလူငယ်စကားဝိုင်း ကျင်းပပေးခြင်းသည် ကျောင်းသားလူငယ်များအတွက် များစွာအကျိုးရှိကြောင်းနှင့် ကျောင်းသားလူငယ်များအတွက်လည်း ဗဟုသုတများစွာရရှိစေခြင်းကြောင့် များစွာဝမ်းမြောက်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောင်ညွန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက လူငယ်များအစုအဖွဲ့များတွင် ပါဝင်တတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းအား ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ၎င်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေး၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း (မအူပင်)မှ ကြီးကြပ်ရေးဆရာမ ဒေါ်ခင်ညို၊ ကျောင်းသား/ကျောင်းသူများဖြစ်သည့် မောင်နိုင်လင်းထွေးက လူငယ်နှင့်ယဉ်ကျေးမှု၊ မောင်သူရညီညီက လူငယ်နှင့်နည်းပညာ၊ မမျိုးသန္တာလင်းက လူငယ်နှင့်စာရိတ္တ၊ မလိမ်းပိုင်က လူငယ်နှင့်အားကစား စသည့်အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ကြရာ ကျောင်းသား/ကျောင်းသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း(မအူပင်)မှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမင်းဦးဆောင်သည့် ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ဆရာ/ဆရာမများမှလည်း ကဏ္ဍအလိုက် သိလိုသည်များအား ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင်(ပြန်/ဆက်)