ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ(၄)နာရီအချိန်က ရွှေဘိုတက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကလေးမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသက် (၁၈) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၇ ရက်နေ့မွန်းလွဲ ၂ နာရီအချိန်က ကလေးခရိုင် ဘောလုံအားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

လူငယ်များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးစေရန်ကျုံပျော်မြို့နယ်၌  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ လူအများနှင့်ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး  ကျုံပျော်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့နယ်၊ အထောင်မြို့၊  အခြေခံပညာအထက်တန်းကျောင်း၊ မြတ်လေးခန်းမ၌ ဇန်နဝါရီလ ၂၀ ရက် နံနက်  ၉  နာရီ အချိန်က ကျင်းပပြုလုပ်သည်။

ကျွန်းလှမြို့နယ်၌ ဆောင်းနှမ်း ဧက ၆၅၀၀ ကျော်ရိတ်သိမ်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်း၊ မုန်ညှင်းစေ့သီးနှံများစိုက်ပျိုးကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ‌နှမ်းသီးနှံ ဧက ၆၅၀၀ ကျော်ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြောင်းမြမြို့တွင် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉) နှစ်​မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ (၂၀) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်က အ.လ.က ဘုရားချောင်း(ရပ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ် အစဲလေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရေး၊ စာကြည့်တိုက်များနှင့်ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း လုပ်ငန်းများကို ဇန်နဝါရီလ ၂၀ ရက်နေ့နံနက် (၁၁) နာရီခွဲက အစဲလေးကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် လျှပ်စစ်ပစ္စည်းပြုပြင်ရေးလုပ်ငန်းပြုလုပ်သည့် လူနေအိမ်ရှိ ပလပ်ခုံ အပူလွန်ကဲရှော့ဖြစ်ရာမှ မီးကူးစက်လောင်ကျွမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ နယ်မီးသတ်စခန်း၏ အနောက်မြောက်ဘက် (၂)မိုင်(၂)ဖာလုံခန့်အကွာ မုံရွာမြို့၊ ထန်းတောရပ်ကွက် လျှပ်စစ်ပစ္စည်းပြုပြင်ရေးလုပ်ငန်းပြုလုပ်သည့် ဦးချစ်ထူး၊ (ဘ)ဦးကျော်တင့် လူနေအိမ်တွင် ဇန်နဝါရီ ၁၉ ရက် ညနေ ၂ နာရီခွဲအချိန်က ပလပ်ခုံအပူလွန်ကဲရှော့ဖြစ်ရာမှတဆင့် အကာထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to