ကော့မှူးတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် Drum Seeder ပေးအပ်ပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၇၇)၊ ဦးပိုင်အမှတ်(၁/၁)ဧရိယာ(၅)ဧကတွင်း တောင်သူဦးစန်းလွင်မှ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် စိုက်ပျိုးခဲ့သော ထွန်းပုမျိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် နွေးစပါးအပါဝင် ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်နှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဖျောက်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။