မုံရွာ ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ နယ်မီးသတ်စခန်း၏ အနောက်မြောက်ဘက် (၂)မိုင်(၂)ဖာလုံခန့်အကွာ မုံရွာမြို့၊ ထန်းတောရပ်ကွက် လျှပ်စစ်ပစ္စည်းပြုပြင်ရေးလုပ်ငန်းပြုလုပ်သည့် ဦးချစ်ထူး၊ (ဘ)ဦးကျော်တင့် လူနေအိမ်တွင် ဇန်နဝါရီ ၁၉ ရက် ညနေ ၂ နာရီခွဲအချိန်က ပလပ်ခုံအပူလွန်ကဲရှော့ဖြစ်ရာမှတဆင့်
အကာထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာ နေရာသို့ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးသန်းထွဋ်ဦး၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ တာဝန်ရှိသူများက စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ပိုလန်မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ မုံရွာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေ.သယ်ယာဉ်(၂)စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၂၀ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားအောင် ဆောင်ရွက်သူ ထန်းထောရပ်ကွက်နေ ဦးချစ်ထူး၊ (ဘ)ဦးကျော်တင့်အား မုံရွာမြို့၊ အမှတ်(၂)ရဲစခန်းမှ (ပ) ၁၈၀/၂၀၂၆၊ ရာဇသတ်ကြီး
ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)