မြောင်းမြမြို့တွင် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကျင်းပ

မြောင်းမြ ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉) နှစ်​မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ (၂၀) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်က အ.လ.က ဘုရားချောင်း(ရပ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.လ.က ဘုရားချောင်း (ရပ်) ကျောင်းမှ တာဝန်ခံဆရာမ ဒေါ်အေးသီတာသိမ့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ “ပေါင်းစည်း ချစ်ကြည်လက်တွဲညီ ပြည်ထောင်စုရဲ့ပန်းတိုင်ဆီ” ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူများက ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး ဟောပြောပွဲများ Community Centre ခန်းမတွင် Talk Show များနှင့် ပြည်သူ့အကျိုးပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အောင်ဖြိုး