ချောင်းဆုံမြို့နယ် ကွမ်လှာ(အ.ထ.က-ခွဲ)ကျောင်း၌ “လူငယ်စကားဝိုင်း” ကျင်းပ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်နှင့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို သိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီးကာ ဇန်နဝါရီ (၂၀) ရက်နေ့ နံနက် (၁၀) နာရီက ကွမ်လှာ (အ.ထ.က-ခွဲ) ကျောင်း ခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။