လမ်းမတော်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့်ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ကမ်းနားလမ်းနှင့် လမ်းသစ်လမ်းထောင့်ရှိ မော်တင်လူကူးဂုံးကျော်တံတားအောက်၌ ယနေ့နံနက် ၈ နာရီအချိန်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့်ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရောက်ရှိမည့် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ရည်ရွယ်၍ ဆောင်ရွက်ပြီးစီးခဲ့သည့် ရုံးကြီးကွက်သစ် (၇)လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေ(၂)နာရီက အဆိုပါကွန်ကရစ် လမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရေဦးမြို့နယ် Community Centre တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုနေ့ဖြစ်ပါ်လာပုံအ‌‌ကြောင်း သိရှိကြစေရန်နှင့် အရောင်များမှန်ကန်စွာ ရွေးချယ်အသုံးပြုတတ်စေရန်ရည်ရွယ်ပြီး ရွှေဘိုခရိုင်၊‌ ရေဦးမြို့နယ် Community Centre တွင် ဇန်နဝါရီလ ၂၀ ရက်နေ့နံနက် ၁၀:၀၀ နာရီက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ခဲ့သည်။

မြင်းခြံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများ မြင်းခြံမြို့အတွင်းရှိ မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများ မြင်းခြံမြို့အတွင်းရှိ မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကို ယမန်နေ့ ညနေ ၃ နာရီမှစတင်၍ ကြည့်ရှုစစ်ဆေးကြသည်။

နတ်မောက်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံခန်းမတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်မဆုံးရှုံးစေနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များကို အသိပေးလိုက်လံနှိုးဆော်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ဇန်နဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။

ငါန်းဇွန်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမိုးအောင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦး ညောင်ရွှေမြို့၌ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှု

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးသည် ယနေ့နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့်အတူ အမှတ်(၂)စစ်မြေပြင်ဆေးတပ်ရင်း(တောင်ကြီး)မှ ဒုတိယဗိုလ်မှူးကြီးသက်နိုင် ဦးဆောင်သည့် တပ်မတော်ဆေးပါရဂူများ၊ ဆရာဝန်ကြီးများ၊ ဆေးဖက်ကျွမ်းကျင်ဝန်ထမ်းများပါဝင်သည့် တပ်မတော်နယ်လှည့်ကွင်းဆင်းကုသရေးအဖွဲ့မှ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ မြို့မရန်ကုန်ဘုန်းတော်ကြီးကျောင်း၌ ဒေသခံတိုင်းရင်းသားပြည်သူများအား အခမဲ့ဆေးကုသပေးခြင်း၊ ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ပြီး လာရောက်ဆေးကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ပေါင်းတည်၌ သဘာဝဘေးအန္တရာယ်များဆိုင်ရာ ဟောပြောပွဲနှင့် ငလျင်ဒဏ် ကာကွယ်ခြင်း သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊‌ ပေါင်းတည်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ငလျင်ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဒဏ် ကာကွယ်ခြင်း သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နေ့လယ် ၂နာရီခွဲက မြို့နယ် ပြည်သူ့ဆေးရုံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ပညာ့အားမာန်စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ပညာ့အားမာန်စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဖဒိုမြို့ အခြေခံပညာအထက်တန်း(၂) ရပ်ကွက်ကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to