တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ်ဦးအုန်းသန်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါမဏ္ဍိုင်(၃)ရပ်အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲသို့တက်ရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ မဏ္ဍိုင်(၃)ရပ်အချင်းချင်းအပြန်အလှန် ထိန်းကျောင်းမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အုတ်တွင်းမြို့နယ်ရှိ မဲရုံများအား မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် တပ်ရင်း/တပ်ဖွဲ့အသီးသီးရှိ မဲရုံများအား မီးလောင်မှုနှင့် မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း အပတ်စဉ်(၃၃) သူနာပြုသင်တန်းသား၊ သင်တန်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ် သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

မကွေးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်‌ရေးရာအသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်၊ မကွေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အခြေခံပညာအလယ်တန်းကျောင်း(ရဲကျောင်း)၌ ပြုလုပ်ခဲ့သည်။

စလေမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး သရုပ်ပြလေ့ကျင့်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ စ‌လေမြို့၌ စလေမြို့မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးသရုပ်ပြလေ့ကျင့်ခြင်းကို အမှတ်(၁)ဓာတ်မြေသြဇာစက်ရုံရှေ့၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

မြဝတီမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောက်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် မှီတင်းနေထိုင်ကြသည့် ပြည်သူများမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများတိုးပွားလာစေရန်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးနှင့်  မြဝတီမြို့သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးကိစ္စရပ်များတွင် ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ တာဝန်ရှိသူများပူပေါင်း၍ အသိပညာပေးလုပ်ငန်းများအရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ က အမှတ်(၁) ရပ်ကွက်၊ ပျံကျစျေး (ခွန်ဆာစျေး)အတွင်းရှိ စျေးသူ၊ စျေးသားများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

ပင်းတယမြို့ (Community Centre)ခန်းမ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို)အထိမ်းအမှတ် ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) (Community Centre)ခန်းမတွင် ယ‌နေ့နံနက် ၁၀ နာရီအချိန်က (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့(အကြို)အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲနှင့် ပြပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ မဲရုံအဖြစ်ဆောင်ရွက်မည့် တည်နေရာများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃)အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအဖြစ်ထားရှိမည့်တည်နေရာများကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

သီပေါမြို့နယ်၌ မဲပေးစက်များထုတ်ပေးမှုနှင့် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မဲပေးစက်များ ထုတ်ပေးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကြို့ပင်ကောက်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)အတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
Subscribe to