ပင်းတယမြို့ (Community Centre)ခန်းမ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို)အထိမ်းအမှတ် ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

ပင်းတယ ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) (Community Centre)ခန်းမတွင် ယ‌နေ့နံနက် ၁၀ နာရီအချိန်က (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့(အကြို)အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲနှင့် ပြပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာလုံးပေါင်းသတ်ပုံရွေးပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ဆုရ ကျောင်းသား/သူများအား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားပြီးစီးပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ကျောင်းသား/သူများမှ စိတ်ဝင်တစားဖြင့် လေ့လာဖတ်ရှုကြည့်ရှုခဲ့ကြ‌ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)