‎သရက်ချောင်းမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများအား‎ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်အသုံးပြုနည်း၊ စက်ကိုင်နည်း မွမ်းမံသင်တန်း ဖွင့်လှစ်

‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်‎ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင်  တာဝန်ကျသည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) စက်အသုံးပြုနည်း၊ စက်ကိုင်နည်း ‎မွမ်းမံသင်တန်း ကို ယနေ့နံနက် ၉ နာရီခွဲက (အ.ထ.က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပကြောင်း သိရသည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အငြိမ်းစားဝန်ထမ်းပင်စင် လစာငွေများ အဆင်ပြေချောမွေ့စွာ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သရက်မြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများအား မဲရုံများသို့ ဖြန့်ဝေပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ဇန်နဝါရီလ ၂၅ ရက်နေ့ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို မဲရုံများသို့ ဖြန့်ဝေပေးခြင်းအား ဇန်နဝါရီ ၂၃ ရက် နံနက် ၈ နာရီအချိန်ကစတင်၍ ရွှေသူဌေးရပ်ကွက်ရှိ အနော်ရထာခန်းမ၌ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ် အမှတ် (၁) အထည်စက်ရုံ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ဆောင်ထားရှိမှုများအား စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အမှတ်(၁)အထည်စက်ရုံ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ဆောင်ထားရှိမှုများအား စစ်ဆေးခြင်းများကို ယမန့်နေ့ နံနက်ပိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပလောက်မြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်မဆုံးရှုံးစေနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များကို အသိပေးလိုက်လံနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။

သီပေါမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံးပါဝင် ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များအား ယနေ့နံနက် ၈ နာရီက ဝက်ဝံယာယီပျံကျဈေး၌ ဖြန့်ဝေဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြင်းခြံမြို့၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး‌ကောက်ပွဲ အပိုင်း (၃) တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဇန်နဝါရီလ (၂၁) ရက်နေ့ နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ပေါက်ခေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ လစဉ် ၂၁ ရက်နေ့မှစတင်၍ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီမှ မွန်းလွဲ၂ နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူများဖြစ်သော မြို့ပြပင်စင်၊ ကာကွယ်ရေးပင်စင် အစရှိသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to