သရက်ချောင်းမြို့နယ်တွင် သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၂၅ )ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲ လာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ အိမ်တိုင်ရာရောက်ကောက်ခံခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိသည်။