အုတ်တွင်းမြို့နယ်ရှိ မဲရုံများအား မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

အုတ်တွင်း ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် တပ်ရင်း/တပ်ဖွဲ့အသီးသီးရှိ မဲရုံများအား မီးလောင်မှုနှင့် မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အုတ်တွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မြင့်ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး မဲရုံတာဝန်ကျ တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား မီးသတ်‌ဆေးဘူး အသုံးပြုနည်းများ ရှင်းလင်းပြသခြင်းနှင့် မီးဘေးလုံခြုံ‌ရေးဆိုင်ရာ အကြံပြုချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)