ကော့ကရိတ်မြို့၌ မဲရုံအဖြစ်ဆောင်ရွက်မည့် တည်နေရာများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကော့ကရိတ် ဇန်နဝါရီ ၂၃

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃)အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအဖြစ်ထားရှိမည့်တည်နေရာများကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်သက်ထွေး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဉီးမိုးကျော်အောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက မဲရုံအဖြစ်ဆောင်ရွက်မည့် တည်နေရာ၊ အဆောက် အဉီး၊ မဲရုံပြင်ဆင်မှုနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး မဲဆန္ဒရှင်ပြည်သူများအား ဒိုအတူတူမဲပေးကြမည်” လက်ကမ်းစာ စောင်များကို ဒိုအတူတူမဲပေးကြမည် လက်ကမ်းစာ စောင်များကို နှိုးဆော်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)