ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်လေဆိပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော်     ဇန်နဝါရီ       ၂၃

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊သည် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် လွိုင်ကော်လေဆိပ် ဝန်ထမ်းအိမ်ရာ ၁၀၀ပေ x ၅၀ပေ လေးခန်းတွဲ နှစ်ထပ် သံကူကွန်ကရစ်အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်အချိန် ကာလအတွင်းပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး ဆောင်ရွက်သွားရန်၊ လုပ်ငန်း သုံးပစ္စည်းများ၏ အရည်အသွေး ပြည့်မီရေးကို မပြတ်စစ်ဆေးဆောင်ရွက်ရန်၊ လုပ်သား အင်အားနှင့် အလုပ်ချိန်တိုးမြှင့်ဆောင်ရွက်ရန်နှင့်  မြေပြင်လုပ်ငန်းများသာမက ရုံးလုပ်ငန်း များပါ စနစ်တကျ အချိန်မီပြီးစီးစေရန် သက်ဆိုင်ရာ ဌာနများမှလည်း  ကြီးကြပ် ဆောင်ရွက် ရန် မှာကြားခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)