ပုလောမြို့နယ် ပလောက်မြို့ရှိ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးလျက်ရှိ

ပလောက် ဇန်နဝါရီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက် နံနက် ၆ နာရီ၌ မဲရုံးအသီးသီးအား စတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများက အမှတ် (၁) ရပ်ကွက်၊ မဲရုံအမှတ် (၁) တွင် လာရောက်မဲပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲပေးခြင်းမဆောင်ရွက်မီ မဲရုံတာဝန်ရှိသူများက ပါတီကိုယ်စားလှယ်များအား မဲပုံများပြသ၍ နံနက် (၆) နာရီတိတိတွင် မဲရုံးမှူးက မဲရုံဖွင့်လှစ်ကြောင်း ကြေညာသည်နှင့်တစ်ပြိုင်နက် မဲဆန္ဒရှင်ပြည်သူများက မဲနံပါတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြသ၍ လွှတ်တော်အသီးသီးအတွက် မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဆန္ဒပြုမဲပေးကြသည်။

ပုလောမြို့နယ်၊ ပလောက်မြို့၌ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာ/ အုပ်စုတို့တွင် ပြည်သူများ မဲရုံအသီးသီး၌ စည်းကားစွာဖြင့် လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

ပလောက် (ပြန်/ဆက်)