မိုးနဲမြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး

မိုးနဲ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အတွက် ဆန္ဒမဲပေးခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက် ယနေ့နံနက် ၆ နာရီအချိန်မှ စတင်၍သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိမဲရုံအသီးသီးတွင် ပြုလုပ်လျက် ရှိရာ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်၊   ကျေးရွာများအလိုက် မဲရုံအသီးသီးတို့တွင်လာရောက်ဆန္ဒမဲပေးကြသည့်မဲဆန္ဒရှင်ပြည်သူများအား လွတ်လပ် စွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံတာဝန်ကျ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက ပူးပေါင်းကာဆန္ဒမဲပေးရာ၌ စနစ်တကျဖြစ်‌ရေးစီစဥ် ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မဲရုံ ၂၃ ရုံဖြင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်လျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက်ဆန္ဒမဲပေးရန် အကျုံးဝင်သည့်လူဦးရေ စုစုပေါင်း ၂၈၃၈ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ဇင်ကိုကို