သာယာဝတီမြို့တွင် (၂၀)ကြိမ်မြောက် စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ပွဲကျင်းပ

သာယာဝတီ   ဖေဖော်ဝါရီ  ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ)ကျောင်း ဆရာစံခန်းမ၌ ကျောင်းသားကျောင်းသူ(ဟောင်း)များ၏ (၂၀)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ယင်းနောက် မြတ်ဆရာပူဇော်ကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ကျောင်းတွင်း ဆရာကြီး၊ ဆရာမကြီးများနှင့် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား အသက် ၇၀ နှစ်အထက် ဆရာကြီး/ဆရာမကြီးများအား တစ်ဦးလျှင် ၂ သိန်းကျပ်၊ အသက် ၆၀ နှစ်နှင့် ၇၀ နှစ်ကြား ဆရာကြီး/ဆရာမကြီးများအား တစ်ဦးလျှင် ၁ သိန်း ၅ သောင်းကျပ်၊ အသက် ၅၀ နှစ် နှင့် ၆၀ နှစ်ကြား ဆရာကြီး/ဆရာမကြီးများအား တစ်ဦးလျှင် ၅ သောင်းကျပ်၊ လုပ်သက် ၁၀ နှစ်အထက် ဆရာ/ဆရာမများအား တစ်ဦးလျှင် ၃ သောင်းကျပ်တို့အား အသီးသီး လိုက်လံ ပူဇော်ကန်တော့ခဲ့ကြပြီး အငြိမ်းစား ဆရာကြီး ဦးဘဟန်နှင့် အငြိမ်းစားဆရာမကြီး ဒေါ်မြမြဝင်းတို့က ဩဝါဒဆုံးမစကားများ ပြောကြားပေးခဲ့သည်။

အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်နှင့် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ကျောင်းသူဟောင်းများ စုစုပေါင်း ၆၀ ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)