ပင်လုံမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ(ဖိုင်နယ်)ပွဲစဥ် နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပင်လုံ ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စတင်၍ ပင်လုံမြို့ အားကစားကွင်းတွင် ကျင်းပခဲ့ရာ ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က ဗိုလ်လုပွဲ (ဖိုင်နယ်)ပွဲစဥ် နှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကိုကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ဗိုလ်လုပွဲ(ဖိုင်နယ်) ပွဲစဉ်တွင် R-7 ဘောလုံးအသင်းနှင့် ချယ်ရီမြေဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တံခွန်စိုက်ဆုဖလားကြီးကို R-7 အသင်းက (၃) ဂိုး ချယ်ရီမြေအသင်းက (၁) ဂိုး ဖြင့် R-7 အသင်းမှ အနိုင်ရရှိခဲ့ပါသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တတိယဆုရရှိသော Gold brothers အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ဦးခွန်စိုးမြင့် နှင့် ငွေသားဆု (၅) သိန်းကျပ် ကို ပအိုဝ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးခွန်မောင်လမှ ဆုချီးမြှင့်ခဲ့ပါသည်။ နေရာအလိုက် အကောင်းဆုံးဆုများဖြစ်သော ဂိုးအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုကို အမှတ် (၆၁၂) ဒုံးတပ်ရင်း မှ ဗိုလ်မှူးမင်းအောင်၊ မြို့နယ်အားကာမှူး ဒေါ်မိုးမိုးအေး၊ အမှတ် (၂) ဝန်တင်တပ်ရင်း ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးကျော်စွာနိုင်၊ အမှတ် (၅၁၃) ခြေမြန်တပ်ရင်း ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးစောဌေးဦး နှင့် လွိုင်လင်မြို့နယ် မီးသတ်ဦးစီးမှုး ဦးမင်းမင်းဌေး တို့က ဆုများကို အသီးသီးချီးမြှင့် ခဲ့ပါသည်။

ဆက်လက်၍ ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုကို ပင်လုံနယ်မြေရဲစခန်းမှ ရဲအုပ်တင်မိုးလှိုင်၊ လုံခြုံရေးတပ်ဖွဲ့အား ဂုဏ်ပြုဆုကို လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲမှူးစိုးလွင်ဦး နှင့်  ဒိုင်လူကြီး ဂုဏ်ပြုဆုကို လွိုင်လင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုခင် တို့က ချီးမြှင့်ပေးခဲ့ပါသည်။ ဒုတိယဆုရရှိသော ချယ်ရီမြေ ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ပင်လုံမြို့ ​အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်က လည်းကောင်း ၊ငွေသားဆု (၈) သိန်းကျပ်ကို အမှတ် (၁၂) ခြေလျင်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီးငြိမ်းချမ်းက ချီးမြှင့်ပေးခဲ့ပြီး ပထမဆုရရှိသော R-7ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဦးသိန်းထွဋ် က လည်းကောင်း၊  ငွေသားဆု (၁၀) သိန်းကျပ်ကို လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ဇေမင်း ကလည်းကောင်း ၊ တံခွန်စိုက်ဆုဖလားကြီးကို လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်မှ ပေးအပ်ချီးမြှင့်ကာ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)