ကံမ ဖေဖော်ဝါရီ ၁၂
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ မြို့နယ်အားကစားကွင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီမှ စတင်၍ ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူများ၊ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆိုပါ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများတွင် မီတာ(၅၀) နှင့် မီတာ(၁၀၀) အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲများ၊ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ ဂုံနီအိတ်စွပ်ပြိုင်ပွဲ သုံးချောင်းထောက်ပြိုင်ပွဲ ဇကောရွက်ပြိုင်ပွဲ မုန့်စားပြိုင်ပွဲ အစရှိသည့် အားကစားပြိုင်ပွဲများ ပါဝင်ပြီး ဆုရရှိသူများအား ယနေ့ညနေပိုင်းတွင်ဆုကြေးငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)