ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်ရာစီမံခန့်ခွဲရေးကော်မတီ ဆိုင်းဘုတ်တင်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၉၄ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော် (A.B.C)Blockရှိ အိမ်ရာစီမံခန့်ခွဲရေးကော်မတီရုံးယနေ့နံနက်(၉)နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်ရာစီမံခန့်ခွဲရေးကော်မတီ ဆိုင်းဘုတ်တင်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေဝင်းအောင်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ဌေးတို့မှ အိမ်ရာစီမံခန့်ခွဲရေး ကော်မတီဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ဌေးက အိမ်ရာစီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၉၄ရပ်ကွက်၊ အိမ်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဇင်က ယုဇနဥယျာဉ်မြို့တော်အိမ်ရာကော်မတီ ပေါ်ပေါက်လာပုံနှင့် အိမ်ရာစီမံခန့်ခွဲရေးကော်မတီမှ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။  

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အိမ်ရာကော်မတီဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမဥ္ဇူ (ပြန်/ ဆက်)