လိပ်သို ဖေဖော်ဝါရီ ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က တောင်ငူကတ်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်မှ ဦးစီးကျင်းပသော (၂၄) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော် ဖိတ်ခေါ်ဘောလီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး သာသနာနယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးမှ ဘောလီဘော (၂၇) သင်း၊ ပိုက်ကျော်ခြင်း (၁၄) သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘောလီဘောပြိုင်ပွဲတွင် လက်ဘက်အင်းအောက်ရွာ မှ ပထမဆု၊ မိုင်းလွန်အထက်ရွာမှ ဒုတိယဆု၊ အမှတ် (၆) ရပ်ကွက်မှ တတိယဆုနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တောင်ဇလဲကျေးရွာမှ ပထမ၊ မိုင်းလွန်အထက်ကျေးရွာမှ ဒုတိယနှင့် လက်ဘက်အင်းရွာသစ်မှ တတိယဆု အသီးသီးအောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲတွင် ယေဇူးရွှေနှလုံးတော်ဘုရားရှိခိုးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘုန်းတော်ကြီး Fr.ဒါလေးလယ်၊ ငြိမ်းချမ်းရေးအထောက်အကူပြုကော်မတီအဖွဲ့ဝင် စော JA ဝင်းမြင့်တို့က အမှာစကားပြောကြားပေးပြီး ဆုရအသင်းများအား ငွေသားဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)