(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၁၃

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မွန်းလွဲ ၃ နာရီခန့်က  ဘားအံဂေါက်ကလပ်၌ ကျင်းပခဲ့သည်။

အဆိုပါဂေါက်သီးရိုက်ပြိုင်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကရင် ပြည်နယ်အတွင်းရှိ ဂေါက်သီးရိုက်အားကစားသမား ၇၀ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို မွန်းလွဲ ၆ နာရီခန့်က ဘားအံဂေါက်ကလပ်မြက်ခင်းပြင်၌ ဆက်လက်ကျင်းပရာ ဘားအံဂေါက်သီး ရိုက်အသင်းဥက္ကဋ္ဌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက် ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဆုများကိုပေးအပ်ချီးမြှင့်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အဝေးဆုံးရိုက်ချက်ဆု၊ လိုင်းနှင့် အနီးဆုံးဆု၊ ကျင်းနှင့်အနီးဆုံးဆု၊ ပါအများဆုံးဆု၊ ဘာဒီအများဆုံးဆု၊ အကြိုးစားဆုံးဆုများကို Handicap 19 to 24 အငယ်တန်းဆု ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက Handicap 0 to 18 အကြီးတန်းဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)