ကျောက်ပန်းတောင်းမြို့ အမှတ် (၂) အ.ထ.ကတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တွေ့ကြုံရမည့် အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များကို နားလည်သိရှိနိုင်စေရန်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများ လိုက်နာဆောင်ရွက်တတ်စေရန်အတွက် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် () အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းက မူးယစ်ဆေးဝါးအကြောင်း သိကောင်း စရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း ရှင်းလင်း ဟောပြော ပြီး အမှတ် (၉၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ညောင်ဦး) မှ ဒုတိယရဲအုပ် ဝိုင်းအောင်ချစ်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့် အချက်များနှင့် သတိပြု ရှောင်ကြဉ်ရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၉၃) ယာဉ်ထိန်းရဲ တပ်ဖွဲ့စု (ညောင်ဦး) မှ ဒုတိယရဲအုပ် ဝိုင်းအောင်ချစ်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်၊ အမှတ်() ..က တာဝန်ခံကျေင်းအုပ်ဆရာမကြီးနှင့် တန်းပြဆရာ/ဆရာမများ၊ Grade-7 ၊ Grade-8 ၊ Grade-9 နှင့် Grade-10 တို့မှ ကျောင်းသား၊ ကျောင်းသူ (၂၈၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင် (ပြန်/ဆက်)