သရက် ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေး ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်းရတုခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးက မူလတန်းပြ ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေး သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်အား ပြောကြားပေးခဲ့ပြီး ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးနိုင် သင်တန်းတွင် သင်တန်းနည်းပြများမှ ပို့ချပေးသည့် ဘာသာရပ်များကို စနစ်တကျလိုက်နာ၍ အထူးဂရုစိုက် မှတ်သားကြရန် ပြောကြား ပေးခဲ့သည်။ ယင်းနောက် သင်တန်းအား ပို့ချပေးခဲ့ရာ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၃၇) ဦး တက်ရောက်ခဲ့ကြရာ သင်တန်းကို (၅) ရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)