စဉ့်ကိုင် ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက် ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောရာတွင် ကလေးငယ်များလူကုန်ကူးခံရ၍ ခိုင်းစေခံရသည့် ဖြစ်စဉ်များ၊ ကလေးငယ်များအပေါ်လုပ်အားခေါင်းပုံဖြတ်ခံရမှု မရှိစေရန် အတွက် ကလေးအလုပ်သမားပပျောက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း နှင့် ကလေးအလုပ်သမားများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက် (၃)ရပ် စသည့် ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့်သိမှတ်ဖွယ်ရာ အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကိုင်မြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုများရရှိစေရန်အတွက် Onlineမှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကိုစဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခုဟောပြောပွဲ အပြည့်အစုံကိုလည်း We Love Sintgaing Page တွင် တင်ဆက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
ကျော့မူယာမောင်