မိုင်းငေါ့မြို့တွင် (၇၅) နှစ်‌မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသဆောင်ရွက်ထာရှိ

မိုင်းငေါ့ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏မူဝါဒများ၊ နိုင်ငံတော်အကြီးအကဲများ၏လုပ်ငန်း ဆောင်ရွက်ချက်များ၊ ထူးခြားဖြစ်စဉ်များ၊ အသိပညာပေးအကြောင်းအရာများကို ပြည်သူများ ကြည့်ရှုလေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၁၈.၂.၂၀၂၃)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ပြသဆောင်ရွက် ထားရှိကြောင်း သိရသည်။

 

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)