ပုဗ္ဗသီရိမြို့နယ်၊ စျေး​ကြီးအတွင်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး စစ်​ဆေးခြင်းနှင့် ပညာပေးခြင်းများဆောင်ရွက်

ပုဗ္ဗသီရိ ဖေဖော်ဝါရီ  ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိစျေးကြီး၌ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးကွင်းဆင်းစစ်​ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့များသည် ပုဗ္ဗသီရိစျေးကြီးအတွင်းရှိ RC စျေး၊ ပွဲရုံတန်း၊ ညစျေးများအတွင်းရှိ စျေးဆိုင်များအားသွားရောက်ကာ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များရောင်းချရေး၊ သစ်သီးဝလံများတွင် ဆိုးဆေးနှင့်ကြာရှည်ခံပစ္စည်းများ အသုံးမပြုရေး ၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျမှတ်ပုံတင်ထားရှိရေးနှင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးအလေးထားကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

သန္တာလင်း( ပုဗ္ဗသီရိ)