ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၌ သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်ရေးကျောင်းတွင်   Aerobic &Fitness Dance သင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိ

ဒဂုံအရှေ့ ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်ရေးကျောင်းဖြင့် ပူးပေါင်းကာ Aerobic &Fitness Dance သင်တန်းကို အဆိုပါသူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်ရေးကျောင်း ရတနာခန်းမ၌ယမန်နေ့ နံနက်ပိုင်းကသင်ကြားပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေအေးနှင့်ဝန်ထမ်းများက နည်းပြများအဖြစ်Aerobic and Fitness Dance သင်တန်းတွင် အားကစားနည်းလေ့ကျင့်ခန်းများ၊ ကိုယ်လက်လှုပ်ရှားအားကစားနည်းများ၊ Aerobicအားကစားနည်းများအား သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်ရေးကျောင်းမှ သူနာပြုဆရာမများအား သင်ကြားပေးခဲ့​ကြောင်းသိရသည်။

၎င်းသင်တန်းတွင် သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်ရေးကျောင်းမှ သူနာပြုဆရာမ (၁၅၀)ဦးဖြင့် ဖေဖော်ဝါရီလ၁၄ရက်မှ စတင်ဖွင့်လှစ်ခဲ့ရာမတ်လ ၁၄ ရက်နေ့အထိ သင်တန်းကာလ ၁လ ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)