မိုးမောက်မြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းဆိုင်ရာအသိပညာပေး  Talk  Show ဆောင်ရွက်

မိုးမောက် ဖေဖော်ဝါရီလ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community  Centre ခန်းမ၌ ယမန်နေ့နံနက်(၁၁)နာရီခန့်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍    ကျေးလက်ကုန်ထုတ်လမ်းဆိုင်ရာ   အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်းသိ

ရှိရသည်။    

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး  ဒေါ်လွန်းနန်းထွေးက အများပြည်သူဗဟုသုတရရှိစေရန် အသိပညာပေး Talk  Show ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။   

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး ဦး၀င်းတင့်က မိုးမောက်မြို့နယ်အတွင်း ကျေးလက်ဒေသလူမှုစီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်မည့်စီမံကိန်းများ၊ ကုန်ထုတ်လမ်းတံတားဆောင်ရွက်မှု၊ ကျေးရွာမြစိမ်းရောင် စီမံကိန်းဆောင်ရွက်မှု၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအကြောင်းတို့ကို  အကျယ်တဝင့်ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်