ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကော့ကရိတ် ဖေဖော်ဝါရီ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်ပြင်ထွက် သွားလာကြသည့် ပြည်သူများအား  Mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရေးအတွက် Mask နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ၃ နာရီက မြို့နယ်မီးသတ်ရုံးရှေ့တွင် အိမ်အပြင်ထွက် သွားလာကြသူများအား  Mask နှာခေါင်းစည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေပေးရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ   အိမ်အပြင်ထွက် သွားလာနေ ကြသည့် ပြည်သူများအား Mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊  မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်တို့မှ အိမ်အပြင်ထွက်သွားလာ ကြသူများအား Mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာရေးအသိပေးနိုးဆော်ပြီး Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)