ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

ကလိန်အောင် ဖေဖော်ဝါရီ ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ () နာရီက ကလေးများအား ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ကျောင်းသူ၊ ကျောင်းသားများအား နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများကို လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလိန်အောင်မြို့ရုံး (Community Centre) ခန်းမတွင် ပြိုင်ပွဲများ၊ ပြပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိပြီး လူငယ်လူရွယ်ကလေးများ  အသိပညာဗဟုသုတရရှိစေရန် လက်မှုပညာနှင့် အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့ (ကလိန်အောင်)