ရွှေတောင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများ လစဉ်ပုံမှန်ပြုလုပ်ဆောင်ရွက်

ရွှေတောင် ဖေဖော်ဝါရီ  ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန်မှုအရ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများအား လစဉ်ပုံမှန် (၂၁) ရက်နေ့မှ (၂၂) နေ့ထိ နှစ်ရက်တာ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ကျ ဆရာဝန်များနှင့် ဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုး၊နှလုံး၊ဆီးချိုရောဂါများနှင့် အခြားလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လစဉ် (၂၁)ရက်နှင့် (၂၂) ရက်နေ့များတွင် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)